- Windows Myanmar Translator တီထွင်ခြင်းအား အကောင်အထည် ဖော်ရန် ၂၀၀၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ခဲ့ပါသည်။
- အင်္ဂလိပ်ဘာသာ ဝါကျများအား ဝါစင်္ဂ ခွဲခြားခြင်း (Parse) လုပ်မည့် SharpNLP Language Parser ကိုအသုံပြုခဲ့ပါသည်။
- ထို Parser မှ ဝါကျပါ စကားလုံးများ၏ ဝါစင်္ဂကို သရုပ်ခွဲပေးပါသည်။
- လူ၊ နေရာ၊ အဖွဲအစည်း စသည်တို့၏ အမည်မှန်သမျှတို့ကို မှန်ကန်စွာ သရုပ်ခွဲနိုင်ရန် Maximum Entropy Model using SharpEntropy ကိုအသုံးပြုခဲ့ပါသည်။
- အင်္ဂလိပ်ဝါကျ ပုံစံကို မြန်မာ ဝါကျပုံစံ နှင့်ကိုက်ညီအောင် စကားလုံး အထားအသို ပြောင်းရွေ့ပါသည်။
- ဘာသာပြန်ဆိုရန်လိုအပ်သော အဘိဓာန်ကို Parser ၏ ဝါစင်္ဂ အမျိုးအစားမျာဖြင့် တည်ဆောက်ပါသည်။
- ဘာသာပြန်စနစ် လုပ်ဆောင်ချက်များ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ထားပါသည်
|