မြန်​စံ (Smart) စာစီ​စာ​ရိုက်​စနစ် လက်​ကွက်​ဇယား​နှင့် စာစီ​စာ​ရိုက်​နည်း​လမ်း​ညွှန်

မြန်စံ (Smart) စာစီ​စာ​ရိုက်​စနစ်​အသုံးပြု​ရာ​တွင် အသုံးပြု​သူ​သည် Key alone ၊ Shift Key နှင့် (`) Key တို့​ကို အသုံးပြု​ရ​မည်​ဖြစ်​သည်။ (ယင်း​အား အသုံးပြု​ပုံ​ကို အထက်ဖော်​ပြ​ပါ ဇယား​တွင် ဖော်​ပြ​ထား​သည်။) လိမ္မော်​ရောင်​ဖြင့် ပြသ​ထား​သည့် စာလုံး​များ​သည် Shift နှင့်​တွဲ ရိုက်​ရ​မည့် စာလုံး​များ​ဖြစ်​သည်။ မီး​ခို​ရောင်​ဖြင့် ပြသ​ထား​သည့် စာလုံး​များ​သည် Key alone များ​ဖြစ်​သည်။ ပန်းရောင်​ဖြင့် ပြသ​ထား​သည့် စာလုံး​များ​သည်  (`) Key ဖြင့် အသုံးပြု ရ​မည့် စာလုံး​များ​ဖြစ်​သည် ။ ဆက်လက်​ပြီး တင်ပြ​သွား​မည့် အကြောင်းအရာ​များ​မှာ အသုံးပြု သူ​များ အသုံးပြု​ရာ​တွင် လွယ်ကူ​စေ​ရန်​နှင့် အမှား​အယွင်း​နည်းပါး​စေ​ရန် ပြုလုပ်​ထား​သော အကြောင်းအရာ​များ ဖြစ်​သည်။

အထူးပြုစာလုံးများ

            ‘ဋ္ဌ’ဆို​သော အက္ခရာ​ကို ‘ဥက္ကဋ္ဌ’ ဟု ရေးသား​ရာ​တွင် အများ​စု​အသုံးပြု​သည်။ ‘ဥက္ကဋ္ဌ’ဟု စာစီ​သော အခါ​တွင် အသုံ​ပြု​သူ​အများ​စု​သည် ‘ဋ္ဌ’အစား ‘ဌ’ ကို မှားယွင်း​အသုံးပြု​တတ်​ကြောင်း​တွေ့​ရ​သည်။ မြန်မာ​စာ အသုံး​တွင် ‘ဋ္ဌ’သည် ‘ဋ’နှင့် ‘ဌ’ကို ပေါင်း​၍ ရေးသား​ထား​ခြင်း​ဖြစ်​သည်။ ထို့​ကြောင့် ယင်း​အတွက် ပြေလည် စေ​ရန် ‘ဋ္ဌ’ ကို ထည့်သွင်းပေးထားသည်။

            ‘ဏ္ဌ’အစား ‘ဏ္ဍ’ကို မှားယွင်း​စွာ စာစီ​လေ့​ရှိ​ကြောင်း​တွေ့​ရ​သည်။ ထို့​ကြောင့် ယင်း​ကဲ့သို့ မှားယွင်း​မှု များ​မ​ရှိ​အောင် ‘ဏ္ဌ’ကို အထူး​ပြု​စာလုံး​အနေ​ဖြင့် ထည့်​သွင်းပေး​ထား​သည်။

            ‘၎င်း’သည် ‘လည်းကောင်း’ကို အတို​ချုံ​ရေးသား​ထား​ခြင်း​ဖြစ်​သည်။ ထို​အရေး​အသား​အတွက် အသုံး ပြု​သူ​အများ​စု​သည် ဂဏန်း​မှ ‘၄’ကို မှားယွင်း​အသုံးပြု​နေ​သည်​ကို တွေ့​ရ​သည်။ ယင်း​ကဲ့သို့ မှားယွင်း​မှု​မ​ရှိ အောင် ‘၎င်း’ကို အထူး​ပြု စာလုံး​အနေ​ဖြင့် ထည့်သွင်းပေးထားသည်။

            ‘ဏ္ဍ’ဆို​သော​အက္ခရာ​သည် ‘ဏ’နှင့် ‘ဍ’ကို ဆင့်​၍ ရေးသား​ထား​ခြင်း​ဖြစ်​သည်။ ယင်း​အတွက် အ ဆင်​ပြေ​စေ​ရန် အထူး​ပြု​စာလုံး​အနေ​ဖြင့် ထည့်​သွင်းပေး​ထား​သည်။

            ‘ကျပ်’ဆို​သော​စကားလုံး​ကို က+ျ+ပ+် ဖြင့် စာစီ​နိုင်သော်​လည်း အသုံး​များ​သည့် စကားလုံး ဖြစ်​သော​ကြောင့် အထူး​ပြု​စာလုံး​အနေ​ဖြင့် ထည့်​သွင်းပေး​ထား​သည်။

            အောက်ဖော်​ပြ​ပါ ဇယား​သည် အထူး​ပြု​စကားလုံး​တို့​၏ ပုံ​သဏ္ဌာန် နှင့် တည်​ရှိ​သော​နေရာ​ကို ပြသ​ပေး ထား​ခြင်း​ဖြစ်​သည်။

စာလုံးပုံ

အင်္ဂလိပ်ကီးခလုတ်

ဋ္ဌ

|

ဏ္ဌ

~ + 2

၎င်း

R

ဏ္ဍ

@

ကျပ်

$

 

ပါဠ်ဆင့် ( စာလုံး​ဆင့် )များ ရိုက်​သွင်း​နည်း

စာလုံး​ဆင့်​များ​ရိုက်​နှိပ်​လို​ပါ​က အဆင့်​ခလုတ်​အဖြစ် အသုံးပြု​ထား​သော အင်္ဂလိပ်​ကီး  f နှင့် shift key တို့ ကို​ရိုက်​နှိပ်​ပြီး ဆင့်​လို​သော အက္ခရာ​ကို ဆက်​ရိုက်​လိုက်​ပါ​က စာလုံး​အဆင့်(ပါဠ်​ဆင့်) ဖြစ်​သွား​ပါ​လိမ့်​မည်။

            အောက်ဖော်​ပြ​ပါ ဇယား​သည် ပါဠ်​ဆင့် ရိုက်​နည်း​န​မူ​နာ​အဖြစ် ပြသ​ပေး​ထား​ခြင်း​ဖြစ်​သည်။

စာလုံးပုံ

စာလုံးပေါင်း​ပုံ

အင်္ဂလိပ်​ကီး​ခလုတ်

မန္တ

မ+န+္+တ

r+e+F+w

လိမ္မော်

လ+ိ+​ေ+မ+္+မ+ာ+်

v+d+a+r+F+r+m+f

တက္က​သိုလ်

တ+က+္+က+သ+ိ+ု+လ+်

w+u+F+u+o+d+k+v+f

လင်္ကာ

လ+င+်+္+က+ာ

v+i+f+F+u+m

 

 

မတူကွဲ​ပြား​သော အက္ခရာ​များ

        ကွန်ပျူတာ အသုံးပြု​သူ အများ​စု​သည် စာစီ​စာ​ရိုက်​ပြုလုပ်​ရာ​တွင် တချို့​သော​စကားလုံး​များ​ကို မှားယွင်း​စွာ ရိုက်​ကြ​သည်​ကို တွေ့​ရ​သည်။ ထို့​ကြောင့် ယင်းသို့ မ​တူညီ​ဘဲ ကွဲပြား​သော အက္ခရာ​များ​ကို သတိ​ပြူ​နိုင်​ရန် အောက်​ပါ​အတိုင်း ဖော်​ပြ​ပေး​ထား​သည်။

  1. သုည '၀' နှင့် ဝ​လုံး 'ဝ' မ​တူ​ပါ
  2. စလုံး​ရ​ပင့် 'စျ' နှင့် ဇ​မြင်​ဆွဲ 'ဈ'မ​တူ​ပါ
  3. ည​လေး 'ဉ ' နှင့် အက္ခရာ​အု 'ဥ'မ​တူ​ပါ     စ+ဉ+်=စဉ်
  4. ဝစ္စပေါက် 'း' နှင့် ':' မတူပါ။ ':' သည် အချိန် ရေးသားရာတွင် အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားခြင်း ဖြစ်သည်။ ဥပမာ- ၅:၀၀ နာရီ။
  5. သရ​ရစ် 'သြ' နှင့် အက္ခရာ​အော 'ဩ'မ​တူ​ပါ
  6. အက္ခရာ ‘ဋ္ဌ’နှင့် အက္ခရာ ‘ဌ’ မ​တူ​ပါ   ဥ+က+္+က+ဋ္ဌ=ဥက္ကဋ္ဌ         သ+ူ+​ေ+ဌ+း=သူဌေး
  7. က္ခရာ ‘ဏ္ဌ’နှင့် အက္ခရာ ‘ဏ္ဍ’ မ​တူ​ပါ  သ+ဏ္ဌ+ာ+န+်=သဏ္ဌာန်    မ+ဏ္ဍ+ပ+်=မဏ္ဍပ်

န​မူ​နာ​ပြ စာ​ရိုက်​နည်း

စာလုံး​အချို့​ကို န​မူ​နာ​အဖြစ် အောက်​ပါ​ဇယား​တွင် ရိုက်​နှိပ်​ပုံ​အဆင့်ဆင့်​ကို ဖေါ်​ပြ​ထား​ပါ​သည်။ ရ​ရစ် အက္ခရာ​ကို ဗျည်း​နောက်မှ ရိုက်​ရ​ပါ​မည်။ ိ ု ၊ ု ံ ၊ ံ ့ ကဲ့​သို​သော အပေါ်​အောက် စာလုံး​များ​ကို နှစ်သက်​ရာ အရင်​ရိုက်​နိုင်​ပါ​သည်။ ၎င်း​အစီ​အစဉ်​များ​ကို တ​မျိုး​တည်း ဖြစ်​စေ​ရန် အလို​လျောက် ပြင်ဆင်​ပေး​ပါ​လိမ့်​မည်။

စာလုံးပုံ

စာလုံးပေါင်း​ပုံ

အင်္ဂလိပ်​ကီး​ခလုတ်

ကျူ

က + ျ + ူ

u + s + l

ကျို

က + ျ + ိ +ု

u + s + d + k

ကျောင်း

ေ+က+ျ+ာ+င+ ်+ း

a + u + s + m + i + f + ;

ကျွမ်း

က+ ျ + ွ + မ + ် + း

u + s + G + r + f + ;

ကြီး

က+ ြ + ီ + း

u + j + D + ;

ခြုံ

ခ+ြ + ု+ ံ

c + j + k + H

မြို့

မ + ြ + ိ + ု + ့

r + j + d + k + h

ကြွေး

ေ + က + ြ + ွ + း

a + u + j + G + ;

 Download => MyanSan Smart Keyboard (1173)